LibraryDNDN 7
DN 73 min read

With Jāliya

Jāliyasutta

20
PDFGenerated
01 · Overview

This discourse is mostly quoted by the Buddha in the previous.

02 · Reading guide

Read the full discourse slowly and reflect on key passages.

03 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၇—ဇာလိယသုတ် ဒီဃနိကာယ် ၇—ဇာလိယသုတ် ရဟန်းနှစ်ပါးဝတ္ထု ၃၇၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည်အနီး ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ မုဏ္ဍိယ (ပရိဗိုဇ်) နှင့် ဒါရုပတ္တိက၏တပည့် ဇာလိယ (ပရိဗိုဇ်) ဟူသော ရဟန်းနှစ်ဦးတို့သည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ရပ်ကြပြီးသော် ထို (ပရိဗိုဇ်) ရဟန်းနှစ်ဦးတို့သည် မြတ်စွာဘုရားအား ဤ (စကား) ကို လျှောက်ကုန်၏ —

“ငါ့သျှင်ဂေါတမ အသို့နည်း၊ ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်လော့၊ သို့မဟုတ် အသက်သည် တခြား, ကိုယ်သည် တခြားလော”ဟု လျှောက်ကုန်၏။

၃၇၉။ ငါ့သျှင်တို့ သို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော ၊ ဟောပေအံ။

ထို (ပရိဗိုဇ်) ရဟန်းနှစ်ဦးတို့သည် “ငါ့သျှင် ကောင်းပါပြီ”ဟု မြတ်စွာဘုရားအား ဝန်ခံကုန်၏။

မြတ်စွာဘုရားသည် ဤ (တရား) ကို ဟောကြားတော်မူ၏။

ငါ့သျှင်တို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။[သာမညဖလသုတ်၌ ကဲ့သို့ နည်းတူ ချဲ့အပ်၏]

ငါ့သျှင်တို့ ရဟန်းသည် ဤသို့ သီလနှင့် ပြည့်စုံ၏။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ့ဟူ၍ သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါမည်လော။

ငါ့သျှင် (ဂေါတမ) အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါ၏။

ငါ့သျှင်တို့ ငါသည် ထို (ပဌမဈာန်) ကို ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထိုသို့ သိမြင်လျက်လည်း “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည်တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ငါသည်ကား မဆို။

။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါမည်လော။

ငါ့သျှင် (ဂေါတမ) အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည်တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါ၏။

ငါ့သျှင်တို့ ငါသည် ထို (စတုတ္ထဈာန်) ကို ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထိုသို့သိမြင်လျက်လည်း “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည်တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ငါသည်ကား မဆို။

။ပ။ ဝိပဿနာဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါမည်လော။

ငါ့သျှင် (ဂေါတမ) အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါ၏။

ငါ့သျှင်တို့ ငါသည် ထို (ဝိပဿနာဉာဏ်အမြင်) ကို ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထိုသို့ သိမြင်လျက်လည်း “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ငါသည်ကား မဆို။

၃၈ဝ။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊ ငါ့သျှင်တို့အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍ သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါမည်လော။

ငါ့သျှင်ဂေါတမ အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် မသင့်လျော်ပါ။

ငါ့သျှင်တို့ ငါသည် ထို (အာသဝက္ခယဉာဏ်) ကို ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထိုသို့ သိမြင်လျက်လည်း “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ငါသည်ကား မဆိုဟု ဟောခဲ့ပေ၏။

မြတ်စွာဘုရားသည် ဤ (တရားတော်) ကို ဟောတော်မူ၏၊ (ပရိဗိုဇ်) ရဟန်းနှစ်ဦးတို့သည် မြတ်စွာ့ဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ခုနစ်ခုမြောက်သော ဇာလိယသုတ် ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection