LibrarySNSN 1.10
SN 1.10~1 min read

Wilderness

Araññasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၁ဝ—အရညသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၁ဝ—အရညသုတ် ၁ဝ။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏—

“တော၌နေကုန်သော (ကိလေသာ) ငြိမ်းအေး၍ အကျင့်မြတ်ကို ကျင့်ကုန်သော အသျှင်တို့အား ဆွမ်းတစ်ထပ်သာ သုံးဆောင်ကြပါကုန်လျက် အဘယ်အကြောင်းကြောင့် ကိုယ်အရေအဆင်းသည် ကြည်လင်ပါသနည်း”ဟု (လျှောက်၏)။

(အကြင်အသျှင်တို့သည်) လွန်ပြီး (လာဘ်) ကို မစိုးရိမ်ကုန်၊ မရောက် သေးသော (လာဘ်) ကို မတောင့်တကုန်၊ ဖြစ်ဆဲ (လာဘ်)တို့ဖြင့်သာ မျှတကုန်၏၊ ထိုအကြောင်းကြောင့် (ထိုအသျှင်တို့အား) ကိုယ်အရေ အဆင်းသည် ကြည်လင်၏။

မရောက်သေးသော (လာဘ်) ကို တောင့်တခြင်းကြောင့်လည်းကောင်း၊ လွန်ပြီး (လာဘ်) ကို စိုးရိမ်ခြင်းကြောင့်လည်းကောင်း ထိုအကြောင်းနှစ်မျိုးကြောင့် သူမိုက်တို့ သည် ‘ရိတ်ဖြတ်အပ်ပြီးသော စိမ်းစိုသော ကျူပင်ကဲ့သို့’ ခြောက်ကပ်ကုန်၏ဟု (ဟောတော်မူ၏)။

ရှေးဦးစွာသော နဠဝဂ် ပြီး၏။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection