Led On
Upanīyasutta
PDFGenerated
Read here in the library
၃—ဥပနီယသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၃—ဥပနီယသုတ် ၃။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“(အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် အနည်းငယ် တိုတောင်းလှ၏၊ အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ (ပညာရှိသည်) သေခြင်းတရားတို့၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏”ဟု (လျှောက်၏)။
(အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် အနည်းငယ် တိုတောင်းလှ၏၊ အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (ဟောတော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source