Time Flies
Accentisutta
PDFGenerated
Read here in the library
၄—အစ္စေန္တိသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၄—အစ္စေန္တိသုတ် ၄။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ (ပဌမ မဇ္ဈိမ ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့်ကုန်၏၊ (ပညာရှိသည်) သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏”ဟု (လျှောက်၏)။
အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန် ကုန်၏၊ (ပဌမ မဇ္ဈိမ ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့်ကုန်၏၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် သေခြင်း၌ ထိုကြောက်ဖွယ် ဘေး သုံးမျိုးကို ရှုသည်ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (ဟောတော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source