There’s Nothing Like a Child
Natthiputtasamasutta
PDFGenerated
Read here in the library
၃—နတ္ထိပုတ္တသမသုတ် သံယုတ္တနိကာယ်—၁ ၂—နန္ဒနဝဂ် ၃—နတ္ထိပုတ္တသမသုတ် ၁၃။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သားသမီး (ကို ချစ်ခင်မှု) နှင့် တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ နွား (ဟူသော ဥစ္စာ) နှင့် တူသော ဥစ္စာမျိုးသည် မရှိ၊ နေ (၏ အရောင်) နှင့် တူသော အရောင်မျိုး သည် မရှိ၊ သမုဒ္ဒရာထက် လွန်ကဲသော အိုင်မည်သည် မရှိ”ဟု (လျှောက်၏)။
မိမိကိုယ် (ကို ချစ်ခင်မှု) နှင့် တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ စပါး (ဟူသောဥစ္စာ) နှင့် တူသော ဥစ္စာမျိုးသည် မရှိ၊ ပညာ (၏ အရောင်) နှင့် တူသော အရောင်မျိုး သည် မရှိ၊ မိုးရေထက် လွန်ကဲသော အိုင်မည်သည် မရှိသည်သာတည်းဟု (ဟော တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source