Aristocrats
Khattiyasutta
PDFGenerated
Read here in the library
၄—ခတ္ထိယသုတ် သံယုတ္တနိကာယ်—၁ ၂—နန္ဒနဝဂ် ၄—ခတ္ထိယသုတ် ၁၄။ “အခြေနှစ်ချောင်းရှိသူတို့တွင် မင်းသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တဝါတို့တွင် နွားလားဥသဘသည် လွန်မြတ်၏၊ မယားတို့တွင် ပျိုမျစ်နုနယ် သော သတို့သမီးသည် လွန်မြတ်၏၊ သားတို့တွင် ရှေးဦးစွာ မွေးဖွားသော သား သည် လွန်မြတ်၏”ဟု (လျှောက်၏)။
အခြေနှစ်ချောင်းရှိသူတို့တွင် မြတ်စွာဘုရားသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တဝါတို့တွင် (ဆင်စသော) အာဇာနည်သည် လွန်မြတ်၏၊ မယားတို့တွင် လင်ကို နှစ်သိမ့်စေသော မယားသည် လွန်မြတ်၏၊ သားသမီးတို့တွင် မိဘတို့၏ စကားကို နားထောင်သော သားသမီးသည် လွန်မြတ်၏ဟု (ဟောတော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source