Sleepiness and Sloth
Niddātandīsutta
PDFGenerated
Read here in the library
၆—နိဒ္ဒါတန္ဓီသုတ် သံယုတ္တနိကာယ်—၁ ၂—နန္ဒနဝဂ် ၆—နိဒ္ဒါတန္ဓီသုတ် ၁၆။ “အိပ်ငိုက်ခြင်းသည်လည်းကောင်း၊ ပျင်းရိခြင်းသည်လည်းကောင်း၊ ကိုယ် လက် ဆန့်ငင်ခြင်းသည်လည်းကောင်း၊ မမွေ့လျော်ခြင်းသည်လည်းကောင်း၊ ထမင်း ဆီ ယစ်ခြင်းသည်လည်းကောင်း ရှိ၏။ ထိုအိပ်ငိုက်ခြင်းစသော ညစ်ညူးခြင်းဖြင့် ဤ လောက၌ သတ္တဝါတို့အား အရိယာမဂ်သည် ထင်ရှားမဖြစ်နိုင်”ဟု (လျှောက်၏)။
အိပ်ငိုက်ခြင်းသည်လည်းကောင်း၊ ပျင်းရိခြင်းသည်လည်းကောင်း၊ ကိုယ်လက် ဆန့် ငင်ခြင်းသည်လည်းကောင်း၊ မမွေ့လျော်ခြင်းသည်လည်းကောင်း၊ ထမင်းဆီ ယစ်ခြင်း သည်လည်းကောင်း ရှိ၏။ ထိုအိပ်ငိုက်ခြင်းစသော ညစ်ညူးခြင်းကို လုံ့လဖြင့် ပယ် ထုတ်နိုင်ခဲ့သော် အရိယာမဂ်သည် စင်ကြယ်၏ဟု (ဟောတော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source