LibrarySNSN 1.18
SN 1.18~1 min read

Conscience

Hirīsutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၈—ဟိရီသုတ် သံယုတ္တနိကာယ်—၁ ၂—နန္ဒနဝဂ် ၈—ဟိရီသုတ် ၁၈။ “အာဇာနည်မြင်းကောင်းသည် ကြိမ်ဝင့်ရုံမျှဖြင့် သိသကဲ့သို့ ထို့အတူ အကြင်ယောကျာ်းသည် အကဲ့ရဲ့ မခံရမီ သိ၏၊ အရှက်ဖြင့် (အကုသိုလ်တို့ကို) တား မြစ်နိုင်သော (ထိုသို့သဘောရှိသည် ့) တစ်စုံတစ်ယောက်သော ယောကျာ်းသည် လောက၌ ရှိပါသလော”ဟု (လျှောက်၏)။

အနည်းငယ်မျှကုန်သော အကြင်ပုဂ္ဂိုလ်တို့သည် အခါခပ်သိမ်း အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ အရှက်ဖြင့် (အကုသိုလ်တရားတို့ကို) တားမြစ်ကုန်လျက် သွားကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) သို့ ရောက်၍ မညီညွတ် သော လောက၌ အညီအမျှ ကျင့်ကုန်၏ဟု (ဟောတော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection