LibrarySNSN 1.19
SN 1.19~1 min read

Little Hut

Kuṭikāsutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၉—ကုဋိကာသုတ် သံယုတ္တနိကာယ်—၁ ၂—နန္ဒနဝဂ် ၉—ကုဋိကာသုတ် ၁၉။ “အသျှင် အသို့ပါနည်း အသျှင့်အား နေရာအိမ်သည် မရှိပါသလော၊ အသို့ပါနည်း အသျှင့်အား အသိုက်အအုံသည် မရှိပါသလော၊ အသို့ပါနည်း အသျှင့် အား အမြှေးအယှက်သည် မရှိပါသလော၊ အသို့ပါနည်း အသျှင်သည် အနှောင် အဖွဲ့မှ လွတ်သူ ဖြစ်ပါ၏လော”ဟု (လျှောက်၏)။

စင်စစ် ငါ့အား နေရာအိမ်သည် မရှိ၊ စင်စစ် ငါ့အား အသိုက်အအုံသည် မရှိ၊ စင်စစ် ငါ့အား အမြှေးအယှက်သည် မရှိ၊ စင်စစ် ငါသည် အနှောင်အဖွဲ့မှ လွတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

“အသျှင် အဘယ်ကို နေရာအိမ်ဟု အသျှင့်အား အကျွန်ုပ် ဆိုပါသနည်း၊ အဘယ်ကို အသိုက်အအုံဟု အသျှင့်အား အကျွန်ုပ် ဆိုပါသနည်း၊ အဘယ်ကို အမြှေးအယှက်ဟု အသျှင့်အား အကျွန်ုပ် ဆိုပါသနည်း၊ အဘယ်ကို အနှောင် အဖွဲ့ဟု အသျှင်အား အကျွန်ုပ် ဆိုပါသနည်း”ဟု (လျှောက်၏)။

“အမိကို နေရာအိမ်ဟု သင် ဆို၏၊ မယားကို အသိုက်အအုံဟု သင် ဆို၏၊ သားသမီးတို့ကို အမြှေးအယှက်တို့ဟု သင် ဆို၏၊ တဏှာကို အနှောင်အဖွဲ့ဟု ငါ့အား သင် ဆို၏”ဟု (ဖြေတော်မူ၏)။

အသျှင့်အား နေရာအိမ် မရှိခြင်းသည် ကောင်းပါပေ၏၊ အသျှင့်အား အသိုက် အအုံ မရှိခြင်းသည် ကောင်းပါပေ၏၊ အသျှင့်အား အမြှေးအယှက် မရှိခြင်းသည် ကောင်းပါပေ၏၊ အသျှင်သည် ကောင်းစွာ အနှောင်အဖွဲ့မှ လွတ်မြောက်ပါပေ၏ဟု (လျှောက်၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection