A Sword
Sattisutta
PDFGenerated
Read here in the library
၁—သတ္တိသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၁—သတ္တိသုတ် ၂၁။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“လှံဖြင့် အထိုးခံရသော သူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့လည်းကောင်း ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု ‘ရာဂ’ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏”ဟု (လျှောက်၏)။
လှံဖြင့် အထိုးခံရသော သူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့လည်းကောင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏ဟု (မိန့်တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source