Impact
Phusatisutta
PDFGenerated
Read here in the library
၂—ဖုသတိသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၂—ဖုသတိသုတ် ၂၂။ “(ကံသည်) မတွေ့ထိသော ပုဂ္ဂိုလ်ကို (ကံ၏ အကျိုးဖြစ်သော ဝိပါက် သည်) မတွေ့ထိ၊ ထိုမှတစ်ပါး (ကံသည်) တွေ့ထိသော ပုဂ္ဂိုလ်ကိုမူကား (ကံ၏ အကျိုးဖြစ်သော ဝိပါက်သည်) တွေ့ထိ၏၊ ထို့ကြောင့် မပြစ်မှားထိုက်သည့် ပုဂ္ဂိုလ် ကို ပြစ်မှားမိ၍ (ကံ) တွေ့ထိသူကို (ကံ၏ အကျိုးဖြစ်သော ဝိပါက်သည်) တွေ့ထိ၏”ဟု (လျှောက်၏)။
အကြင်သူသည် မပြစ်မှားထိုက်သော စင်ကြယ်၍ (ကိလေသာ) အညစ်အကြေး မရှိသော ရဟန္တာဖြစ်သော ပုဂ္ဂိုလ်အား ပြစ်မှား၏၊ လေညာသို့ ပစ်လွှင့်အပ်သော သိမ်မွေ့သော မြူသည် ပစ်လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့ ထို့အတူ ထို သူမိုက်၏ မကောင်းမှု အကုသိုလ်ကံသည် ထိုသူမိုက်သို့သာ ပြန်ရောက်၏ဟု (ဟော တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source