LibrarySNSN 1.23
SN 1.23~1 min read

A Tangle

Jaṭāsutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၃—ဇဋာသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၃—ဇဋာသုတ် ၂၃။ “(အသျှင်ဘုရား) အကြင်တဏှာကို ကိုယ်တွင်းသန္တာန်၌ ဖွဲ့ယှက်တတ် သော တဏှာ, ကိုယ်ပသန္တာန်၌ ဖွဲ့ယှက်တတ်သော တဏှာဟု ဆိုအပ်ပါ၏၊ ထို (ကိုယ်တွင်း, ကိုယ်ပ၌ဖြစ်သော) ဖွဲ့ယှက်တတ်သော တဏှာသည် သတ္တဝါအပေါင်းကို ဖွဲ့ယှက်အပ်ပါ၏။ ဂေါတမမြတ်စွာဘုရား အသျှင်ဘုရားအား ထိုအကြောင်းကို မေး လျှောက်ပါ၏၊ ဤဖွဲ့ယှက်တတ်သော တဏှာကို အဘယ်ပုဂ္ဂိုလ်သည် ဖြေရှင်းနိုင်ပါ သနည်း”ဟု (လျှောက်၏)။

ပဋိသန္ဓေပညာရှိ၍ ပြင်းစွာ အားထုတ်မှုရှိသော ရင့်ကျက်သည့် ပညာရှိသော (သံသရာဘေးကို) ရှုလေ့ရှိသော ပုဂ္ဂိုလ်သည် သီလ၌ တည်၍ (သမာဓိ) စိတ်ကိုလည်းကောင်း၊ (ဝိပဿနာ) ပညာကိုလည်းကောင်း ပွားစေလျက် ဤဖွဲ့ယှက်တတ် သော တဏှာကို ဖြေရှင်းနိုင်ရာ၏။

အကြင်ပုဂ္ဂိုလ်တို့အား တပ်စွန်းမှု ‘ရာဂ’ အမျက်ထွက်မှု ‘ဒေါသ’ မသိမှု ‘အဝိဇ္ဇာ’တို့ ကင်းပြတ်ကုန်၏၊ အာသဝကုန်ပြီးဖြစ်၍ ရဟန္တာဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဖွဲ့ယှက်တတ်သော တဏှာကို ဖြေရှင်းအပ်ပြီ။

အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ ထိပါးမှုဟူသော အမှတ် ‘ပဋိဃသညာ’သည်လည်းကောင်း၊ ရုပ်၌ဖြစ်သော အမှတ် ‘ရူပသညာ’သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤနိဗ္ဗာန်၌ ဤဖွဲ့ယှက်တတ်သော တဏှာသည် ကင်းပြတ်၏ဟု (မိန့်တော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection