Shielding the Mind
Manonivāraṇasutta
PDFGenerated
Read here in the library
၄—မနောနိဝါရဏသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၄—မနောနိဝါရဏသုတ် ၂၄။ “အကြင်အကြင် ကောင်းမှု မကောင်းမှုမှ စိတ်ကို တားမြစ်ရာ၏၊ ထိုထို ကောင်းမှု မကောင်းမှုကြောင့် ဆင်းရဲသည် ထိုပုဂ္ဂိုလ်သို့ မရောက်၊ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ကောင်းမှု မကောင်းမှုမှ စိတ်ကို တားမြစ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ဆင်းရဲမှ လွတ်၏”ဟု (လျှောက်၏)။
အလုံးစုံ ကောင်းမှု မကောင်းမှုမှ စိတ်ကို မတားမြစ်ရာ၊ စောင့်စည်းခြင်းသို့ ရောက်သော စိတ်ကို မတားမြစ်ရာ။ အကြင်အကြင်သဘောမှ မကောင်းမှု ‘စိတ်’ ဖြစ်၏၊ ထိုထိုသဘောမှ (မကောင်းမှု) စိတ်ကို တားမြစ်ရာ၏ဟု (မိန့်တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source