LibrarySNSN 1.25
SN 1.25~1 min read

A Perfected One

Arahantasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၅—အရဟန္တသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၅—အရဟန္တသုတ် ၂၅။ “အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ (မဂ်) ကိစ္စကို ပြုပြီး ဖြစ်၏၊ အာသဝကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ပြီး ဖြစ်၏။ ထို ရဟန်းသည် ငါ ပြောဆို၏ဟူ၍လည်း ဆိုရာပါသလော၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာပါသလော”ဟု (လျှောက်၏)။

အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ (မဂ်) ကိစ္စကို ပြုပြီး ဖြစ်၏၊ အာသဝ ကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ပြီး ဖြစ်၏။ ထိုရဟန်း သည် ငါ ပြောဆို၏ဟူ၍လည်း ဆိုရာ၏၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာ၏၊ လောကဝယ် (ခန္ဓာစသည်တို့၌) လိမ္မာသော ထိုရဟန်းသည် ခေါ်ဝေါ်အပ်သော အမည်ကို သိ၍ ခေါ်ဝေါ်မှုမျှဖြင့်ခေါ်ဝေါ်ရာ၏ဟု (ဖြေတော်မူ၏)။

အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ (မဂ်) ကိစ္စကို ပြုပြီး ဖြစ်၏၊ အာသဝ ကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ပြီး ဖြစ်၏။ ထိုရဟန်း သည် (ကိုးပါးအပြားရှိသော) ထောင်လွှားမှု ‘မာန’သို့ ကပ်ရောက်၍ ငါ ပြောဆို၏ ဟူ၍လည်း ဆိုရာပါသလော၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာပါသလောဟု (လျှောက်၏)။

ထောင်လွှားမှု ‘မာန’ကို ပယ်ပြီးသော ရဟန်းအား ထုံးဖွဲ့မှု ‘ဂန္ထ’တရားတို့သည် မရှိကုန်၊ ထိုရဟန်းသည် အလုံးစုံသော ထောင်လွှားမှု ‘မာန’ , ထုံးဖွဲ့မှု ‘ဂန္ထ’တို့ကို ဖျက်ဆီးအပ်ကုန်၏၊ ကောင်းသော ပညာရှိသော ထိုရဟန်းသည် (တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့်) မှတ်ထင်မှုကို လွန်မြောက်၏၊ ထိုရဟန်းသည် ငါ ပြောဆို၏ဟူ၍လည်း ဆိုရာ၏၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာ၏၊ လောကဝယ် (ခန္ဓာစသည်တို့၌) လိမ္မာသော ထိုရဟန်းသည် ခေါ်ဝေါ်အပ်သော အမည်ကို သိ၍ ခေါ်ဝေါ်မှုမျှဖြင့် ခေါ်ဝေါ် ရာ၏ဟု (ဖြေတော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection