LibrarySNSN 1.26
SN 1.26~1 min read

Lamps

Pajjotasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၆—ပဇ္ဇောတသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၆—ပဇ္ဇောတသုတ် ၂၆။ “အကြင်အရောင်တို့ဖြင့် လောကသည် ထွန်းလင်းတောက်ပ၏၊ လောက၌ ထွန်းလင်းတောက်ပသော ထိုအရောင်တို့သည် အဘယ်မျှ ရှိကုန်သနည်း၊ မြတ်စွာဘုရားကို မေးခြင်းငှါ ရောက်လာပါကုန်၏၊ ထိုအကြောင်းကို အကျွန်ုပ်တို့သည် အဘယ်သို့ သိရပါအံ့နည်း”ဟု (လျှောက်၏)။

လောက၌ အရောင်တို့သည် လေးမျိုးရှိကုန်၏၊ ဤလောက၌ ငါးခုမြောက် အရောင်သည် မရှိ။ နေသည် နေ့အခါ၌ ထွန်းလင်းတောက်ပ၏၊ လသည် ညအခါ၌ ထွန်းလင်းတောက်ပ၏၊ ထိုမှတစ်ပါး မီးသည် နေ့ရောညပါ ထိုထိုအရပ်၌ ထွန်းလင်း တောက်ပ၏၊ မြတ်စွာဘုရားအရောင်တော်သည် အရောင်တကာတို့ထက် မြတ်၏၊ ထိုမြတ်စွာဘုရားအရောင်တော်သည် အတုမရှိဟု (မိန့်တော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection