LibrarySNSN 1.27
SN 1.27~1 min read

Streams

Sarasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၇—သရသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၇—သရသုတ် ၂၇။ “သံသရာအိုင်တို့သည် အဘယ်အရပ်မှ ဆုတ်နစ်ကုန်သနည်း၊ ဝဋ်ဆင်းရဲ သည် အဘယ်အရပ်၌ မဖြစ်သနည်း၊ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်သနည်း”ဟု (လျှောက်၏)။

အကြင် (နိဗ္ဗာန်) အရပ်၌ ဖွဲ့စည်းမှု ‘အာပေါ’ဓာတ်သည်လည်းကောင်း၊ ခက်မာမှု ‘ပထဝီ’ဓာတ်သည်လည်းကောင်း၊ ရင့်ကျက်မှု ‘တေဇော’ဓာတ်သည်လည်းကောင်း၊ ထောက်ကန်မှု ‘ဝါယော’ဓာတ်သည်လည်းကောင်း မတည်နိုင်။ ထို (နိဗ္ဗာန်) အရပ်မှ သံသရာအိုင်တို့သည် ဆုတ်နစ်ကုန်၏၊ ဤနိဗ္ဗာန်အရပ်၌ ဝဋ်ဆင်းရဲသည် မဖြစ်၊ ဤ (နိဗ္ဗာန်) အရပ်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏ဟု (ဖြေတော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection