LibrarySNSN 1.28
SN 1.28~1 min read

Affluent

Mahaddhanasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၈—မဟဒ္ဓနသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၈—မဟဒ္ဓနသုတ် ၂၈။ “များသော ဥစ္စာရှိကုန်သော များသော အသုံးအဆောင်ရှိကုန်သော နိုင်ငံ ပိုင်ရှင် ဘုရင်မင်းမြတ်တို့သော်လည်း ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်ကုန်သည် ဖြစ်၍ အချင်းချင်း အလွန် တောင့်တမက်မောကုန်၏။

ဤလောက၌ ကြောင့်ကြမှု ရှိကုန်သော ဘဝရေအယဉ်သို့ အစဉ်လိုက်ကုန်သော ထိုသူတို့တွင် အဘယ်ပုဂ္ဂိုလ်တို့သည် တပ်မက်မှု ‘တဏှာ’ ကို ပယ်စွန့်ကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည် လောက၌ ကြောင့်ကြမှု မရှိကြကုန်သနည်း”ဟု (လျှောက်၏)။

(အကြင်ပုဂ္ဂိုလ်တို့သည်) အိမ်ရာထောင်သော ဘဝကို ပယ်စွန့်၍ ချစ်အပ်သော သားသမီးကိုလည်းကောင်း၊ (နွားစသော) သတ္တဝါကိုလည်းကောင်း ပယ်စွန့်၍ တပ် စွန်းမှု ‘ရာဂ’ကိုလည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’ကိုလည်းကောင်း ပယ်စွန့်၍ မသိမှု ‘အဝိဇ္ဇာ’ကိုလည်း ကင်းပြတ်စေ၍ ရှင်ရဟန်းပြုကြကုန်၏။ အာသဝေါကုန်ပြီး သော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် လောက၌ ကြောင့်ကြ မရှိကုန်ဟု (ဖြေတော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection