Four Wheels
Catucakkasutta
PDFGenerated
Read here in the library
၉—စတုစက္ကသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၉—စတုစက္ကသုတ် ၂၉။ “ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား (ဣရိယာပုတ်ဟူသော) စက်လေးပါးလည်းရှိသော၊ ကိုးပါးသော အပေါက် ‘ဒွါရ’လည်းရှိသော၊ (မစင်တို့ဖြင့်) ပြည့်သော လိုချင်မှု ‘လောဘ’နှင့် စပ်ယှဉ်သော၊ (အမိဝမ်းတိုက်ဟူသော) ညွန်၌ ဖြစ်သော ကိုယ်သည် အဘယ်သို့ ထွက်မြောက်မှု ဖြစ်နိုင်လိမ့်မည်နည်း”ဟု (လျှောက်၏)။
ရန်ငြိုးဖွဲ့မှုကိုလည်းကောင်း၊ (ကိလေသာဟူသော) လွန်ကြိုးကိုလည်းကောင်း၊ လိုလားမှု ‘ဣစ္ဆာ’ကိုလည်းကောင်း၊ ယုတ်ညံ့သော လိုချင်မှု ‘လောဘ’ ကိုလည်းကောင်း ဖြတ်၍ တပ်မက်မှု ‘တဏှာ’ကို အမြစ်နှင့်တကွ နုတ်ပယ်နိုင်သည် ရှိသော် ဤသို့ ထွက်မြောက်မှု ဖြစ်နိုင်လတ္တံ့ဟု (ဖြေတော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source