Antelope Calves
Eṇijaṅghasutta
PDFGenerated
Read here in the library
၁ဝ—ဧဏိဇင်္ဂသုတ် သံယုတ္တနိကာယ်—၁ ၃—သတ္တိဝဂ် ၁ဝ—ဧဏိဇင်္ဂသုတ် ၃ဝ။ “ဧဏီမည်သော သား၏ မြင်းခေါင်းနှင့်တူသော မြင်းခေါင်းရှိသော , ကြုံ သော ကိုယ်ရှိသော , လုံ့လရှိသော , နည်းသော အာဟာရရှိသော , လျှပ်ပေါ်မှု ကင်းသော , တစ်ကောင်တည်း ကျက်စားသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ တစ်စီး တည်း လှည့်လည်သော ဆင်ကဲ့သို့လည်းကောင်း တစ်ပါးတည်း ကျင့်တော်မူသော ကာမဂုဏ်တို့၌ ငဲ့ကွက်မှု ကင်းသော မြတ်စွာဘုရားသို့ ချဉ်းကပ်၍ မေးပါကုန်၏၊ အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်နိုင်ပါအံ့နည်း”ဟု (လျှောက်၏)။
လောက၌ စိတ်လျှင် ခြောက်ခုမြောက်ရှိကုန်သော ကာမဂုဏ်ငါးပါးတို့ကို ဟော ကြားအပ်ကုန်၏၊ ဤနာမ်ရုပ်တရား၌ လိုချင်မှု ‘ဆန္ဒရာဂ’ကို ကင်းပြတ်စေ၍ ဤသို့ သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်နိုင်၏ဟု (ဖြေတော်မူ၏)။
သုံးခုမြောက် သတ္တိဝဂ် ပြီး၏။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source