Giving What?
Kiṁdadasutta
PDFGenerated
Read here in the library
၂—ကိံဒဒသုတ် သံယုတ္တနိကာယ်—၁ ၅—အာဒိတ္တဝဂ် ၂—ကိံဒဒသုတ် ၄၂။ အဘယ်အရာကို ပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်ပါသနည်း၊ အဘယ်အရာကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်ပါသနည်း၊ အဘယ် အရာကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်ပါသနည်း၊ အဘယ်အရာ ကို ပေးလှူသူသည် မျက်စိကို ပေးလှူသည် မည်ပါသနည်း၊ အဘယ်သူသည် အလုံးစုံသော အရာကို ပေးလှူသည် မည်ပါသနည်း၊ ဤသို့မေးအပ်သော အကျွန်ုပ် အား ထိုအကြောင်းကို ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။
ဆွမ်းကို ပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်၏၊ အဝတ်သင်္ကန်းကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်၏၊ ယာဉ်ကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်၏၊ ဆီမီးကို ပေးလှူသူသည် မျက်စိကို ပေးလှူ သည် မည်၏၊ နေရာ (ကျောင်းစသည်) ကို ပေးလှူသူသည်ကား အလုံးစုံကို ပေးလှူ သည် မည်၏၊ တရားကို ပြသပြောဟောသူသည် အမြိုက် (နိဗ္ဗာန်) ကို ပေးလှူသည် မည်၏ဟု (မိန့်တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source