Food
Annasutta
PDFGenerated
Read here in the library
၃—အန္နသုတ် သံယုတ္တနိကာယ်—၁ ၅—အာဒိတ္တဝဂ် ၃—အန္နသုတ် ၄၃။ နတ်လူ နှစ်မျိုးတို့သည် ထမင်းကိုသာလျှင် တောင့်တကုန်၏၊ ထိုသို့ တောင့်တစမြဲ ဖြစ်ပါလျက် ထမင်းကို မတောင့်တသော နတ်မည်သည် အဘယ်မှာ ရှိပါအံ့နည်း။
အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်သော စိတ်ဖြင့် နတ်လူတို့ တောင့်တ သည့် ထမင်းကို ပေးလှူကုန်၏၊ ထိုပေးလှူအပ်သော ထမင်းသည်သာလျှင် ဤ လောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူတို့သို့ အစဉ်လိုက်၏။
ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ (ဝန်တိုခြင်း) အညစ်အကြေးကို နှိမ်နင်း လျက် အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (လျှောက်၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source