LibrarySNSN 1.44
SN 1.44~1 min read

One Root

Ekamūlasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၄—ဧကမူလသုတ် သံယုတ္တနိကာယ်—၁ ၅—အာဒိတ္တဝဂ် ၄—ဧကမူလသုတ် ၄၄။ (တဏှာဟု ဆိုအပ်သော) အမြစ်အရင်း တစ်ခုရှိသော , (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟု ဆိုအပ်သော) လည်ခြင်း နှစ်ခုရှိသော , (ရာဂ ဒေါသ မောဟဟု ဆို အပ်သော) အညစ်အကြေး သုံးခုရှိသော , (ကာမဂုဏ်ငါးပါးဟူသော) အပြန့် ငါးခု ရှိသော , (အာယတနဟူသော) ဝဲဇလုပ် တစ်ဆယ့်နှစ်ခုရှိသော , မထောက်မီနိုင်သော (သံသရာတည်းဟူသော) သမုဒ္ဒရာကို ရဟန္တာသည် ကူးမြောက်၏ဟု (လျှောက်၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection