LibrarySNSN 1.46
SN 1.46~1 min read

Nymphs

Accharāsutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၆—အစ္ဆရာသုတ် သံယုတ္တနိကာယ်—၁ ၅—အာဒိတ္တဝဂ် ၆—အစ္ဆရာသုတ် ၄၆။ နတ်သမီးအပေါင်းတို့ သီချင်း ကျူးရင့်ရာ ဖြစ်သော မြေဘုတ်ဘီလူး အပေါင်းတို့ မှီဝဲရာဖြစ်သော မောဟနမည်သော ထိုနန္ဒဝန်ဥယျာဉ်ကို အဘယ်သို့ သော အကြောင်းဖြင့် လွန်မြောက်ရပါအံ့နည်းဟု (လျှောက်၏)။

(အရိယာမဂ်တည်းဟူသော) လမ်းသည် လမ်းဖြောင့် မည်၏၊ ထို (နိဗ္ဗာန်) အရပ် သည် ဘေးမရှိရာ အရပ်မည်၏၊ တရားတည်းဟူသော စက်နှင့် ယှဉ်သော အရိယာ မဂ်သည် အသံ မမြည်သော ရထား မည်၏။

ရှက်ခြင်း ‘ဟိရီ’ ကြောက်ခြင်း ‘သြတ္တပ္ပ’သည် အရိယာမဂ်ဟူသော ရထား၏ အမှီ တံကဲမည်၏၊ အောက်မေ့ခြင်း ‘သတိ’သည် အရိယာမဂ်ဟူသော ရထား၏ အကာအရံ မည်၏၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’လျှင် ရှေ့သွားရှိသော တရားကို ရထားမှူးဟူ၍ ဆို၏။

အကြင်မိန်းမအားဖြစ်စေ၊ အကြင်ယောကျာ်းအားဖြစ်စေ ထိုသို့သဘောရှိသော ယာဉ်သည် ရှိ၏။ ထိုသူသည် စင်စစ် ထိုယာဉ်ဖြင့် နိဗ္ဗာန်သို့ ရောက်နိုင်၏ဟု (မိန့်တော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection