LibrarySNSN 1.47
SN 1.47~1 min read

Planters

Vanaropasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၇—ဝနရောပသုတ် သံယုတ္တနိကာယ်—၁ ၅—အာဒိတ္တဝဂ် ၇—ဝနရောပသုတ် ၄၇။ အဘယ်သူတို့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွားပါသနည်း။ အဘယ်သူတို့သည် တရား၌ တည်ကုန်ရာ သနည်း၊ အဘယ်သူတို့သည် သီလနှင့် ပြည့်စုံကုန်သနည်း၊ အဘယ်သူတို့သည် နတ်ပြည်သို့ သွားကုန်သနည်းဟု (လျှောက်၏)။

အကြင်သူတို့သည် သစ်သီးဥယျာဉ် ပန်းဥယျာဉ် စိုက်ပျိုးကုန်၏၊ တောသစ်ပင် ကို စိုက်ပျိုးကုန်၏၊ တံတားခင်းကုန်၏။ အကြင်သူတို့သည် ရေအိုးစင်ကိုလည်းကောင်း၊ ရေတွင်းကိုလည်းကောင်း၊ နေရာကျောင်းကိုလည်းကောင်း လှူဒါန်းကုန်၏။

ထိုသူတို့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အခါခပ်သိမ်း ကောင်းမှု သည် တိုးပွား၏၊ ထိုသူတို့သည် တရား၌ တည်ကုန်၏၊ ထိုသူတို့သည် ကောင်း သော အလေ့အထ စာရိတ္တသီလနှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် နတ်ပြည်သို့ သွားရ၏ဟု (မိန့်တော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection