Cut How Many?
Katichindasutta
PDFGenerated
Read here in the library
၅—ကတိဆိန္ဒသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၅—ကတိဆိန္ဒသုတ် ၅။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အဘယ်မျှသော တရားတို့ကို ဖြတ်ရာပါသနည်း၊ အဘယ်မျှသော တရားတို့ကို စွန့်ရာပါသနည်း၊ အဘယ်မျှသော တရားတို့ကို ထို့ထက်အလွန် ပွါးများရာပါသ နည်း၊ အဘယ်မျှသော ငြိကပ်မှုကို လွန်မြောက်နိုင်သည့် ရဟန်းကို ‘သံသရာအယဉ် မှ ကူးမြောက်သော ရဟန်း’ဟူ၍ ဆိုအပ်ပါသနည်း”ဟု (လျှောက်၏)။
အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ကို ဖြတ်ရာ၏၊ အထက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ကို စွန့်ရာ၏၊ (သဒ္ဓါစသော ဣန္ဒြေ) ငါးမျိုးတို့ကို ထို့ထက်အလွန် ပွားများရာ၏၊ (လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိဟူကုန်သော) ကပ်ငြိမှုငါးမျိုးတို့ကို လွန်မြောက်နိုင်သည့် ရဟန်းကို “သံသရာအယဉ်မှ ကူးမြောက်သော ရဟန်း”ဟူ၍ ဆိုအပ်၏ဟု (ဟောတော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source