SN 1.51~1 min read
Old Age
Jarāsutta
PDFGenerated
01 · FULL TEXT
Translation: Pitaka Myanmar TranslationRead here in the library
Passage collection0 saved
၁—ဇရာသုတ် သံယုတ္တနိကာယ်—၁ ၆—ဇရာဝဂ် ၁—ဇရာသုတ် ၅၁။ အဘယ်တရားသည် အိုသည်တိုင်အောင် ကောင်းပါသနည်း၊ အဘယ်တရား သည် တည်ရှိသော် ကောင်းပါသနည်း၊ အဘယ်တရားသည် လူတို့၏ ရတနာမည် ပါသနည်း၊ အဘယ်တရားကို ခိုးသူတို့သည် ခိုးယူနိုင်ခဲပါသနည်းဟု (လျှောက်၏)။
အကျင့်သီလသည် အိုသည်တိုင်အောင် ကောင်း၏၊ ယုံကြည်မှု ‘သဒ္ဓါ’တရား တည် သည်ရှိသော့်ကောင်း၏၊ ပညာသည် လူတို့၏ ရတနာမည်၏၊ ကောင်းမှုကို ခိုးသူတို့သည် ခိုးယူနိုင်ခဲ၏ဟု (မိန့်တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
SOURCE
Translation: Pitaka Myanmar Translation Verify source