SN 1.53~1 min read
A Friend
Mittasutta
PDFGenerated
01 · FULL TEXT
Translation: Pitaka Myanmar TranslationRead here in the library
Passage collection0 saved
၃—မိတ္တသုတ် သံယုတ္တနိကာယ်—၁ ၆—ဇရာဝဂ် ၃—မိတ္တသုတ် ၅၃။ ခရီးသွားသော သူ၏ အဆွေခင်ပွန်းသည် အဘယ်နည်း၊ မိမိအိမ်၌ အဆွေ ခင်ပွန်းသည် အဘယ်နည်း၊ ပြုဖွယ်ကိစ္စရှိသော သူ၏ အဆွေခင်ပွန်းသည် အဘယ် နည်း၊ တမလွန်၌ ဖြစ်သော အဆွေခင်ပွန်းသည် အဘယ်နည်းဟု (လျှောက်၏)။
ခရီးသွားသော သူ၏ အဆွေခင်ပွန်းသည် အတူသွားဖော်တည်း၊ မိမိ၏ အိမ်၌ အဆွေခင်ပွန်းသည် အမိတည်း၊ ပြုဖွယ်ကိစ္စရှိသော သူ၏ အဆွေခင်ပွန်းသည် သူငယ်ချင်းတည်း၊ အဖန်ဖန် ကိုယ်တိုင် ပြုအပ်သော ကောင်းမှုတို့သည် တမလွန်၌ ဖြစ်သော အဆွေခင်ပွန်းမည်၏ဟု (မိန့်တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
SOURCE
Translation: Pitaka Myanmar Translation Verify source