SN 1.54~1 min read
Grounds
Vatthusutta
PDFGenerated
01 · FULL TEXT
Translation: Pitaka Myanmar TranslationRead here in the library
Passage collection0 saved
၄—ဝတ္ထုသုတ် သံယုတ္တနိကာယ်—၁ ၆—ဇရာဝဂ် ၄—ဝတ္ထုသုတ် ၅၄။ လူတို့၏ မှီရာတည်ရာသည် အဘယ်မှာနည်း၊ ဤလောက၌ လွန်မြောက် သော အဆွေခင်ပွန်းသည် အဘယ်ပါနည်း၊ အကြင် သတ္တဝါတို့သည် မြေ၌ မှီကုန်၏၊ ထိုသတ္တဝါတို့သည် အဘယ်ကို မှီ၍ အသက်မွေးပါကုန်သနည်းဟု (လျှောက်၏)။
လူတို့၏ မှီရာတည်ရာသည် သားသမီးတို့တည်း၊ ဤလောက၌ လွန်မြောက် သော အဆွေခင်ပွန်းသည် မယားတည်း၊ အကြင်သတ္တဝါတို့သည် မြေ၌ မှီကုန်၏၊ ထိုသတ္တဝါတို့သည် ရွာချသော မိုးကို မှီ၍ အသက်မွေးကုန်၏ဟု (မိန့်တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
SOURCE
Translation: Pitaka Myanmar Translation Verify source