LibrarySNSN 1.55
SN 1.55~1 min read

Gives Birth (1st)

Paṭhamajanasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

သံယုတ္တနိကာယ်—၁ ၆—ဇရာဝဂ် ၅—ပဌမ ဇနသုတ် ၅၅။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေပါသနည်း၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ အဘယ်အရာသည် ပြေးသွားသနည်း၊ အဘယ်အရာသည် သံသရာသို့ ရောက်ပါ သနည်း၊ အဘယ်အရာသည် ထိုပုဂ္ဂိုလ်သတ္တဝါ၏ ကြီးစွာသော ဘေးဖြစ်သနည်းဟု (လျှောက်၏)။

တပ်မက်မှု ‘တဏှာ’ သည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေ၏၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ စိတ် သည် ပြေးသွား၏၊ ပုဂ္ဂိုလ်သတ္တဝါသည် သံသရာသို့ ရောက်၏၊ ဆင်းရဲသည် ထို ပုဂ္ဂိုလ်သတ္တဝါ၏ ကြီးစွာသော ဘေးတည်းဟု (မိန့်တော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection