SN 1.56~1 min read
Gives Birth (2nd)
Dutiyajanasutta
PDFGenerated
01 · FULL TEXT
Translation: Pitaka Myanmar TranslationRead here in the library
Passage collection0 saved
သံယုတ္တနိကာယ်—၁ ၆—ဇရာဝဂ် ၆—ဒုတိယ ဇနသုတ် ၅၆။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေပါသနည်း၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ အဘယ်အရာသည် ပြေးသွားသနည်း၊ အဘယ်အရာသည် သံသရာသို့ ရောက်သ နည်း၊ (ပုဂ္ဂိုလ်သတ္တဝါသည်) အဘယ်အရာမှ့မလွတ်ပါသနည်းဟု (လျှောက်၏)။
တဏှာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေ၏၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ စိတ်သည် ပြေး သွား၏၊ ပုဂ္ဂိုလ်သတ္တဝါသည် သံသရာသို့ ရောက်၏၊ (ပုဂ္ဂိုလ်သတ္တဝါသည်) ဝဋ် ဆင်းရဲမှ မလွတ်ဟု (မိန့်တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
SOURCE
Translation: Pitaka Myanmar Translation Verify source