Deviation
Uppathasutta
PDFGenerated
Read here in the library
၈—ဥပ္ပထသုတ် သံယုတ္တနိကာယ်—၁ ၆—ဇရာဝဂ် ၈—ဥပ္ပထသုတ် ၅၈။ အဘယ်အရာကို ခရီးမဟုတ်ဟု ဆိုအပ်သနည်း၊ အဘယ်အရာသည် ညဉ့် နေ့တို့၌ ကုန်သနည်း၊ အကျင့်မြတ်၏ အညစ်အကြေးသည် အဘယ်နည်း၊ ရေ မဟုတ်သော ဆေးကြောဖွယ်သည် အဘယ်နည်းဟု (လျှောက်၏)။
တပ်မက်မှု ‘ရာဂ’ကို (နိဗ္ဗာန်သို့ သွားသော သူ၏) ခရီးမဟုတ်ဟု ဆိုအပ်၏၊ အရွယ်သည် ညဉ့်နေ့တို့၌ ကုန်၏၊ အကျင့်မြတ်၏ အညစ်အကြေးသည် မိန်းမ တည်း၊ ဤမိန်းမ၌ ဤသတ္တဝါအပေါင်းသည် ကပ်ငြိ၏၊ ကိလေသာကို ပူပန်စေတတ် သော အကျင့်နှင့် မေထုန်မှ ရှောင်ကြဉ်မှု အကျင့်မြတ်သည် ရေမဟုတ်သော ဆေး ကြောဖွယ် မည်၏ဟု (မိန့်တော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source