LibrarySNSN 1.59
SN 1.59~1 min read

A Partner

Dutiyasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၉—ဒုတိယသုတ် သံယုတ္တနိကာယ်—၁ ၆—ဇရာဝဂ် ၉—ဒုတိယသုတ် ၅၉။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါ၏ အဖော်ဖြစ်ပါသနည်း၊ အဘယ်အရာ သည် ထိုပုဂ္ဂိုလ်သတ္တဝါကို ဆုံးမပါသနည်း၊ ပုဂ္ဂိုလ်သတ္တဝါသည် အဘယ်အရာ၌ မွေ့လျော်သည် ဖြစ်၍ အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်ပါသနည်းဟု (လျှောက်၏)။

ယုံကြည်မှု ‘သဒ္ဓါ’တရားသည် ပုဂ္ဂိုလ်သတ္တဝါ၏ အဖော်ဖြစ်၏၊ ပညာသည် ထို ပုဂ္ဂိုလ်သတ္တဝါကို ဆုံးမ၏၊ ပုဂ္ဂိုလ်သတ္တဝါသည် နိဗ္ဗာန်၌ မွေ့လျော်သည် ဖြစ်၍ အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်၏ဟု (မိန့်တော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection