LibrarySNSN 1.6
SN 1.6~1 min read

Awake

Jāgarasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၆—ဇာဂရသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၆—ဇာဂရသုတ် ၆။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“နိုးကြားသည့် တရားတို့၌ အဘယ်မျှသော တရားတို့သည် အိပ်ပျော်သည်တို့ မည်ပါကုန်သနည်း၊ အိပ်ပျော်သည့် တရားတို့၌ အဘယ်မျှသော တရားတို့သည် နိုးကြားသည်တို့ မည်ပါကုန်သနည်း၊ အဘယ်မျှသော တရားတို့ဖြင့် (ကိလေသာ) မြူကို ဆွဲယူ သုံးသပ်ပါသနည်း၊ အဘယ်မျှသော တရားတို့ဖြင့် စင်ကြယ်နိုင်ပါသ နည်း”ဟု (လျှောက်၏)။

နိုးကြားသည့် တရားတို့၌ နီဝရဏငါးမျိုးတို့သည် အိပ်ပျော်သည်တို့ မည်ကုန်၏၊ အိပ်ပျော်သည့် တရားတို့၌ (ဣန္ဒြေ) ငါးမျိုးတို့သည် နိုးကြားသည်တို့ မည်ကုန်၏၊ နီဝရဏငါးမျိုးတို့ဖြင့် (ကိလေသာ) မြူကို ဆွဲယူသုံးသပ်၏၊ (ဣန္ဒြေ) ငါးမျိုးတို့ဖြင့် စင်ကြယ်နိုင်၏ဟု (ဟောတော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection