SN 1.60~1 min read
A Poet
Kavisutta
PDFGenerated
01 · FULL TEXT
Translation: Pitaka Myanmar TranslationRead here in the library
Passage collection0 saved
၁ဝ—ကဝိသုတ် သံယုတ္တနိကာယ်—၁ ၆—ဇရာဝဂ် ၁ဝ—ကဝိသုတ် ၆ဝ။ ဂါထာတို့၏ ဖြစ်ကြောင်းကား အဘယ်နည်း၊ ထိုဂါထာတို့ကို ထင်စွာ ပြ ကြောင်းကား အဘယ်နည်း၊ ဂါထာတို့သည် အဘယ်ကို မှီကုန်ပါသနည်း၊ ဂါထာတို့၏ တည်ရာသည် အဘယ်ပါနည်းဟု (လျှောက်၏)။
ဂါထာတို့၏ ဖြစ်ကြောင်းကား (ဂါယတ္တိစသော) ဆန်းတည်း၊ ထိုဂါထာတို့ကို ထင်စွာ ပြကြောင်းကား အက္ခရာတည်း၊ ဂါထာတို့သည် အမည် (နာမပညတ်) ကို မှီကုန်၏၊ ဂါထာတို့၏ တည်ရာသည် ပညာရှိတည်းဟု (မိန့်တော်မူ၏)။
ခြောက်ခုမြောက် ဇရာဝဂ်ပြီး၏။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
SOURCE
Translation: Pitaka Myanmar Translation Verify source