Undeciphered
Appaṭividitasutta
PDFGenerated
Read here in the library
၇—အပ္ပဋိဝိဒိတသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၇—အပ္ပဋိဝိဒိတသုတ် ၇။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အကြင်သူတို့သည် (သစ္စာလေးပါး) တရားတို့ကို (ဉာဏ်ဖြင့်) ထိုးထွင်း၍ မသိနိုင်ကုန်၊ မိစ္ဆာအယူတို့သို့လည်း ကပ်ရောက်ကုန်၏၊ ထိုသူတို့သည် အိပ်ပျော်သည်တို့ မည်ကုန်၏၊ မနိုးကြားကုန်။ ထိုသူတို့အား နိုးကြားရန် အခါတန်ပါပြီ”ဟု (လျှောက်၏)။
အကြင်သူတို့သည် (သစ္စာလေးပါး) တရားတို့ကို ကောင်းစွာ ထိုးထွင်း၍ သိနိုင်ကြကုန်၏၊ မိစ္ဆာအယူတို့သို့လည်း မကပ်ရောက်ကုန်၊ ထိုသူတို့သည် ကောင်းစွာ နိုးကြားကုန်လျက် သင့်သောအကြောင်းအားဖြင့် သိကြ၍ မညီမညွတ်သော လောက၌ အညီအညွတ် ကျင့်ကုန်၏ဟု (ဟောတော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source