LibrarySNSN 1.8
SN 1.8~1 min read

Very Confused

Susammuṭṭhasutta

20
PDFGenerated
01 · FULL TEXT

Read here in the library

Translation: Pitaka Myanmar Translation
Passage collection0 saved

၈—သုသမ္မုဋ္ဌသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၈—သုသမ္မုဋ္ဌသုတ် ၈။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—

“အကြင်သူတို့အား (သစ္စာလေးပါး) တရားတို့သည် ပျောက်ပျက်ကုန်၏၊ မိစ္ဆာ အယူတို့သို့လည်း ကပ်ရောက်ကုန်၏၊ ထိုသူတို့သည် အိပ်ပျော်သည်တို့ မည်ကုန်၏၊ မနိုးကြားကုန်။ ထိုသူတို့အား နိုးကြားရန် အခါတန်ပါပြီ”ဟု (လျှောက်၏)။

အကြင်သူတို့အား (သစ္စာလေးပါး) တရားတို့သည် မပျောက်ပျက်ကုန်၊ မိစ္ဆာအယူတို့သို့လည်း မကပ်ရောက်ကုန်၊ ထိုသူတို့သည် ကောင်းစွာ နိုးကြားကုန်လျက် သင့်သော အကြောင်းအားဖြင့် သိကြ၍ မညီမညွတ်သော လောက၌ အညီအညွတ် ကျင့်ကုန်၏ဟု (ဟောတော်မူ၏)။

ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။

သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။

Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .

SOURCE

Translation: Pitaka Myanmar Translation Verify source

More in this collection