Fond of Conceit
Mānakāmasutta
PDFGenerated
Read here in the library
၉—မာနကာမသုတ် သံယုတ္တနိကာယ်—၁ ၁—နဠဝဂ် ၉—မာနကာမသုတ် ၉။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“ဤလောက၌ ထောင်လွှားမှု ‘မာန’ကို လိုလားသူအား တည်ကြည်မှုနှင့် စပ်သော ဆုံးမကြောင်းတရားသည် မရှိနိုင်၊ တည်ကြည်မှု မရှိသူအား (သစ္စာလေးပါးကို) သိ သော မဂ်ဉာဏ်သည် မရှိနိုင်၊ တော၌ တစ်ယောက်တည်း နေလျက် မေ့လျော့သော သူသည် သေခြင်း၏ တည်ရာ (တေဘူမကဝဋ်)၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ မကူးမြောက်နိုင်ရာ”ဟု (လျှောက်၏)။
ထောင်လွှားမှု ‘မာန’ကို ပယ်၍ ကောင်းစွာ တည်ကြည်သော စိတ်ရှိသော ကောင်း သော စိတ်ရှိသော မမေ့မလျော့သော ထိုသူသည် အလုံးစုံသော ခန္ဓာစသည်တို့၌ (တပ်မက်မှုမှ) ကင်းလွတ်သည်ဖြစ်၍ တော၌ တစ်ယောက်တည်း နေလျက် သေခြင်း၏ တည်ရာ (တေဘူမကဝဋ်)၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ကူးမြောက်နိုင်ရာ၏ဟု (ဟောတော်မူ၏)။
ပိဋကတ်တော် မြန်မာပြန်ဌာနမှ သုတ္တန် ပိဋကတ်တော်ကို ပါဠိဘာသာမှ ပြန်ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဝင်းနိုင်က ပုံနှိပ်ထုတ်ဝေသည်။
Prepared for SuttaCentral by နေမျိုးဝင်း and John Nishinaga .
Translation: Pitaka Myanmar Translation Verify source